Local News

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင်(၁၃-၁၀-၂၀၂၅ မှ ၁၇-၁၀-၂၀၂၅) ရက်နေ့အတွင်းဖြစ်ပေါ်ခဲ့သော ပဲနှင့်အခြားကုန်စည်ဈေးနှုန်းများ

Last Updated:

မတ်ပဲနှင့်ပဲစင်းငုံ                                                    
         ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပဲ(တစ်တန်) ဈေးနှုန်းများမှာ မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၂,၆၉၁,၀၀၀၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၂,၉၆၁,၀၀၀ နှင့်  ပဲစင်းငုံ Red/ RC(2024 Crop) ကျပ် ၂,၄၉၅,၀၀၀ ဈေးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း မတ်ပဲ FAQ/RC  (2024 Crop) ကျပ် ၁၆,၀၀၀ ၊ မတ်ပဲ SQ/RC   (2024 Crop) ကျပ် ၂၄,၀၀၀ နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကျပ်  ၁၀၀,၀၀၀ အသီးသီးဈေး မြင့်တက်ခဲ့သည်။  ယခင်အပတ်က ကုန်စည်ဒိုင်သို့   မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၇၀ လုံး (တန်ချိန် ၁၆၈၀)နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀)  ဝင်ရောက်ခဲ့ပြီး ယခုအပတ်တွင် မတ်ပဲ FAQ/RC (2024 Crop)  ကွန်တိန်နာ ၁၆၆ လုံး (တန်ချိန် ၃၉၈၄) နှင့် ပဲစင်းငုံ Red/ RC(2024 Crop) ကွန်တိန်နာ ၂၀ လုံး (တန်ချိန် ၄၈၀) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် မတ်ပဲကွန်တိန်နာ ၉၆ လုံး (တန်ချိန် ၂၃၀၄) ပိုမို ဝင်ရောက်ခဲ့ကြောင်းသိရသည်။  
 ငရုတ်      
         ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငရုတ်သီး ( တစ်ပိဿာ ) ဈေးနှုန်းများမှာ ပန်းရဲ ငရုတ် (သစ်) AC ကျပ် ၇,၅၀၀၊ မြားနီ ကျပ် ၈,၅၀၀ ၊ ဆင်ဖြူကျွန်း (ပု) ကျပ် ၁၇,၀၀၀ ၊ မိုးထောင် မြစ်ဝပု ကျပ် ၁၂,၀၀၀ နှင့် မြစ်ဝပု(သစ်) ကျပ် ၂၀,၀၀၀ ဈေးအသီးသီး ဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း ငရုတ်သီးများ ဈေးငြိမ်လျက်ရှိသည်။ ကုန်စည်ဒိုင်သို့  ယခင်အပတ်က ငရုတ်ရှည်အိတ် ပေါင်း ၉၀၀ (၁၈,၀၀၀ ပိဿာ)ဝင်‌ရောက်ခဲ့ပြီး ယခုအပတ်တွင်  ငရုတ်ရှည်အိတ်ပေါင်း ၁၅၀၀ (၃၀,၀၀၀ ပိဿာ) ဝင်ရောက်ခဲ့သောကြောင့် ယခင်အပတ်ထက် ငရုတ်ရှည်အိတ်ပေါင်း ၆၀၀ (၁၂,၀၀၀ ပိဿာ) ပိုမိုဝင် ရောက်ခဲ့ ကြောင်းသိရသည်။   
မန်ကျည်းသီး  
        ဘုရင့်နောင်ကုန်စည်ဒိုင်တွင် မန်ကျည်းသီး (တစ်ပိဿာ) ဈေးနှုန်းများမှာ မန်ကျည်းသီးပွင့်ကပ် (သစ်) ကျပ် ၅၈၀၀ နှင့် မန်ကျည်းအသား(သစ်)ကျပ် ၉၀၀၀ အသီးသီးဈေးဖြစ်ခဲ့သည်။ တစ်ပတ် အတွင်း  မန်ကျည်းများ ဈေးငြိမ်လျက်ရှိသည်။
ထန်းလျက်၊ ကြံသကာနှင့် သကြား 
        ဘုရင့်နောင်ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက်၊ ကြံသကာ နှင့် သကြား(တစ်ပိဿာ) ဈေးနှုန်းများမှာ တောင်သာမလိုင်(ဒုံး) ကျပ် ၅၇၀၀၊ ညောင်ဦးဆေးရှယ်(ထန်း) ကျပ် ၇၀၀၀၊ ပခုက္ကူ ကြမ်း (သစ်)ကျပ် ၅၇၀၀၊ ရေစကြို ထန်းလျက်(သစ်) ကျပ် ၇၂၀၀၊ ကြံသကာ ကျပ် ၅၂၀၀ နှင့် သကြား(ပြည်တွင်း) ကျပ် ၄၆၅၀ ဈေးအသီးသီးဖြစ်ခဲ့သည်။ တစ်ပတ်အတွင်း တောင်သာမလိုင်(ဒုံး) ကျပ် ၇၀၀၊ ညောင်ဦး ဆေးရှယ်(ထန်း) ကျပ် ၅၀၊ ပခုက္ကူကြမ်း (သစ်)ကျပ် ၅၀၀ နှင့် ရေစကြို ထန်းလျက်(သစ်) ကျပ် ၃၀၀ ဈေးမြင့်တက်ခဲ့ပြီး  ကြံသကာ ကျပ် ၂၀၀  နှင့် သကြား(ပြည်တွင်း) ကျပ် ၄၅၀ ဈေးကျဆင်းခဲ့သည်။ 
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News